ကူဘိုတာမြန်မာ၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား

ကူဘိုတာမြန်မာ၏ (၁၀)နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက် (၁၁)နာရီတွင် ကူဘိုတာမြန်မာရုံးချုပ်၏ ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို Kubota Corporation Japan ၏ Senior Managing Executive Officer Mr.Yoshimitsu Ichibashi နှင့် Kubota Myanmar ၏ Managing Director Mr.Kunitomo Sato တို့မှ (၁၀)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းကြာရှည်တိုင် ပိုမိုတည်တံ့စေရန်နှင့် Kubota Myanmar ၏ အထိမ်းအမှတ်ပြယုဒ်အဖြစ် ရုံးပရဝုဏ်အတွင်း၌ ပြုလုပ်ခဲ့ပါသည်။
(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်မှာ Kubota Myanmar အတွက် အမှတ်တရဖြစ်စေကြောင်းနှင့် ရတုအဆက်ဆက်တိုင် ဆက်လက်တည်တံ့စေရန် ရည်ရွယ်ကြောင်းပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။












