TESTIMONIALS“ကူဘိုတာ ထွန်စက် ၂ စီး ရိတ်စက် ၂စီး နဲ့ ကိုယ်ပိုင်အပြင် အငှားဝန်ဆောင်မှု လုပ်ကိုင်နေသော မွန်ပြည်နယ်မှ ကို နေမျိုးထွန်း”
- တောင်သူ့ရင်တွင်းစကားသံ
-
“ကူဘိုတာကို ထိုင်းနိုင်ငံမှာအလုပ်လုပ်တည်းက သိထားပြီးကိုယ်တိုင်လည်း ကြိုက်နှစ်သက်ပါတယ်။ အသိတစ်ယောက်က တစ်ပတ်ရစ်ရောင်းတာနဲ့ တခြားထွန်စက်အမျိုးအစားကို နာရီ (၃၀၀၀)ကျော်နဲ့ စသုံးခဲ့ပါတယ်။ တစ်ပတ်ရစ်လည်းဖြစ်တော့ ဆီအယိုအစိမ့်တွေ အရမ်းများပြီး ခဏခဏ အပျက်များတော့ တော်တော်လေးအဆင်မပြေဖြစ်ခဲ့ရပါတယ်။
အဲ့ဒါနဲ့ ကိုယ်တိုင်ကလည်း လယ်တွေစိုက်တော့ ကိုယ့်လယ်ရော အနီးနားက မိတ်ဆွေတွေပါ ကူညီပေးနိုင်အောင် အရင်ကတည်းက ကျွန်တော်ကြိုက်ရတဲ့ ဆားဗစ်ဝန်ဆောင်မှုလည်းကောင်းတဲ့ Kubota ရဲ့ M7040 မြင်းကောင်ရေ (၇၀) ကိုဝယ်ဖို့စီစဥ်လိုက်ပါတယ်။
စက်ကလည်းသူ့နောက်တွဲနဲ့ စွမ်းဆောင်ရည်လည်းကောင်းတော့ ကိုယ့်လယ်ရော မိတ်ဆွေတွေလယ်ပါအငှားထွန်ပေးရာမှ မလောက်တာနဲ့ နောက်ထပ် မြင်းကောင်ရေ (၇၀) တစ်စီးထပ်ဝယ်လိုက်ရပါတယ်။ ကူဘိုတာစက်တွေက အပျက်အစီးနည်းပြီး ကြံခိုင်မှုအားကောင်းတော့ တစ်နှစ်ကို စပါးရော ပဲရော ပျမ်းမျှ ဧက (၁၅၀၀) လောက်ဝန်ဆောင်မှုပေးရပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ တောင်သူမိတ်ဆွေတွေက စပါးရိတ်သိမ်းဖို့ပါ တောင်းဆိုလာတာနဲ့ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက် (၂) စီး ထပ်မံဝယ်ယူပြီး ဝန်ဆောင်မှုပေးနေပါတယ်။ ကျွန်တော်ကတော့ ကိုယ်နဲ့နီးစပ်ရာ ကူဘိုတာတရားဝင်အရောင်းကိုယ်စားလှယ်ဆီမှာပဲ ဝယ်ခဲ့ပါတယ်။ နောက်ပိုင်း ဆားဗစ်ရော အပိုပစ္စည်းလိုအပ်လာရင်ရော နီးနီးနားနားရှိတော့ အချိန်အများကြီးပေးစရာမလိုတော့ အချိန်ကုန်သက်သာပြီး စိတ်အေးအေးနဲ့ အလုပ်လုပ်လို့ရတာပေါ့ခင်ဗျာ....။
လက်ရှိမှာတော့ M7040 (၂ စီး) ရိတ်သိမ်းခြွေလှေ့စက် ၂ စီး (နာရီ ၇၀၀ / နာရီ ၃၅၀) နဲ့ ဧကပြီးစီးမှု စုစုပေါင်း (ဧက ၇၅၀ )ကျော် ဝန်ဆောင်မှုပေးထားပြီးပါပြီ။
ကူဘိုတာက ကျွန်တော်တို့လိုတောင်သူအတွက် အရမ်းအဆင်ပြေလို့ နောင်လည်း ကူဘိုတာပဲရွေးချယ်သွားမှာပါ..” လို့ တောင်သူဦးကြီးရဲ့ စစ်မှန်သောရင်တွင်းစကားကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်ခင်ဗျာ....ကူဘိုတာအသုံးပြုသူ တောင်သူဦးကြီးတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သီးနှံများအထွက်တိုး၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပါစေကြောင်း ကျွန်တော်တို့ Kubota Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ...